Saterdag 05 Julie 2014

လော့စ်အိန်ဂျလိစ်ရှိ လယ်သမားများဈေးတွင် ဆေးခြောက်ပင်၏ ထုတ်ကုန်များကို ပြသ

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် လော့စ်အိန်ဂျလိစ်ရှိ လယ်သမားများဈေးတွင် ဆေးခြောက်ပင်၏ ထုတ်ကုန်များကို ပြသထားပြီး ၎င်းထုတ်ကုန်များကို ဆေးဝါးဆိုင်ရာ လုပ်ငန်းများအတွက် ကယ်လီဖိုးနီးယား တွင် ရောင်းချနိုင်မှာ ဖြစ်ပါသည်။ ၎င်းနေရာတွင် ဈေးရောင်းပွဲပြုလုပ်ပေးခြင်းဖြင့် လူနာများနှင့် ဆေးဝါးစိုက်ပျိုးသူများ တိုက်ရိုက်ဆက်သွယ်နိုင်ပြီး ၎င်းအပင်များပေါက်ရောက် ကြီးထွားလာပုံနှင့် သဘာဝအတိုင်း စိုက်ပျိုးထား မထားဆိုတာကို သိရှိနိုင်မှာ ဖြစ်ပါသည်။ ဆေးခြောက်ရောင်းချသူက လူနာများသည် ၎င်းတို့၏ နာကျင်မှုနှင့် ခံစားရတဲ့ ဝေဒနာများကို ကုသဖို့အတွက် စိတ်အားထက်သန်လျှက်ရှိပြီး ကင်ဆာရောဂါ ဝေဒနာသည်များ အများအပြား လာရောက်ကြကာ အခြားနာကျင်မှုဒဏ် ခံစားနေရသည့် ဝေဒနာသည်များလည်း လာရောက်ကြကြောင်း ပြောကြားခဲ့တယ်လို့ သိရှိရပါသည်။ 

Geen opmerkings nie:

Plaas 'n opmerking