Saterdag 05 Julie 2014

မြန်မာနိုင်ငံကွန်ပျူတာ အသင်းချုပ်နှင့် Japan Telecommunication Engineering and Consulting Service (JTEC) တို့မှ ပူးပေါင်းဆောင်ရွက်သည့် e-village ICT Center ဖွင့်ပွဲအခမ်းအနား

မြန်မာနိုင်ငံကွန်ပျူတာ အသင်းချုပ်နှင့် Japan Telecommunication Engineering and Consulting Service (JTEC) တို့မှ ပူးပေါင်းဆောင်ရွက်သည့် e-village ICT Center ဖွင့်ပွဲအခမ်းအနားကို ဇူလိုင်လ (၅)ရက် နံနက်(၉)နာရီအချိန်တွင် ရန်ကုန်တောင်ပိုင်း ခရိုင်၊ တွံ့တေးမြို့နယ်၊ ဘုရားငုတ်တို (တောင်) ကျေးရွာရှိ အဆိုပါ Center မှာ ကျင်းပရာ ရှေးဦးစွာ မြန်မာနိုင်ငံ ကွန်ပျူတာ အသင်းချုပ် ဥက္ကဋ္ဌ ဦးခွန်ဦး က ကြိုဆို နှုတ်ခွန်းဆက် စကားပြောကြားပြီး Japan Telecommunication Engineering and Consulting Service (JTEC) မှ President ဒေါက်တာ ယိုရှီအို ယူဆူမီ e-village ICT Center ဖွင့်လှစ်ရခြင်းနှင့် ပတ်သက်ပြီး ရှင်းလင်းတင်ပြပါသည်။ အဲဒီနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေ၊ သိပ္ပံနှင့် နည်းပညာဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဒေါက်တာ ဘရွှေ၊ မြန်မာနိုင်ငံ ကွန်ပျူတာ အသင်းချုပ် ဥက္ကဋ္ဌ ဦးခွန်ဦးနှင့် (JTEC) မှ President ဒေါက်တာ ယိုရှီအို ယူဆူမီ တို့က  e-village ICT Center ကိုဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပါသည်။ အဲဒီနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့ သည် e-village ICT Center အတွင်း ကျေးရွာနေ ပြည်သူများနှင့် ကျောင်းသားကျောင်းသူ များက Computer Applications များ လက်တွေ့ အသုံးနေမှုများကို လှည့်လည် ကြည့်ရှုအားပေးပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်ပါသည်။




Geen opmerkings nie:

Plaas 'n opmerking