အိုးမကွာ
အိမ်မကွာနဲ့ မိသားစု ဝင်ငွေတိုးအောင် တစ်ဖက်တစ်လမ်းမှ အထောက်အကူ ရရှိစေဖို့အတွက် မြန်မာနိုင်ငံ
မိခင်နှင့်ကလေး စောင့်ရှောက်မှု အသင်းမှ ပံ့ပိုးကူညီမှု၊ နေပြည်တော် မိခင်နှင့်ကလေး စောင့်ရှောက်မှု
ကြီးကြပ်ရေး အဖွဲ့ရဲ့ အနီးကပ်ကြီးကြပ် လမ်းညွှန်မှုဖြင့် ပျဉ်းမနားမြို့နယ် မိခင်နှင့်ကလေး
စောင့်ရှောက်ရေး အသင်း၊ အခြေခံ စက်ချုပ်သင်တန်း (၁/၂၀၁၄) သင်တန်းဆင်းပွဲကို ပျဉ်းမနားမြို့
ဒက္ခိဏခရိုင်၊ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးမှာ ‘ဒီကနေ့ ကျင်းပခဲ့ပါသည်။ ရပ်ကွက်နဲ့ ကျေးရွာများမှာ ရှိတဲ့
စက်ချုပ်ခြင်းနဲ့ အသက်မွေးဝမ်းကြောင်း ပြုမယ့်သူများကို စာရင်းလိုက်ကောက်ပြီး သင်တန်းသား
(၂၄)ဦး ရွေးချယ်ခဲ့ပါသည်။ သင်တန်းမှာ သင်တန်းဆရာမ (၁)ဦး၊ သင်တန်း အထောက်အကူပြု (၂)ဦးတို့က
(၁)လကြာ သင်ကြားပို့ချ ပေးခဲ့ပါသည်။ သင်တန်းကြေးကို နှစ်သောင်းနှုန်းဖြင့် ကောက်ခံခဲ့ပြီး
သင်တန်းသူများ စက်ချုပ်မှု အတတ်ပညာကို သင်ယူရာမှာ လိုအပ်တဲ့ ပစ္စည်းကိရိယာများ ဝယ်ယူပြီး
တစ်သောင်းနီးပါး ပြန်လည်ထောက်ပံ့ ပေးခဲ့တယ်လို့ သိရပါသည်။ သင်တန်းမှာ ပုဆိုးချုပ်နည်း
(၂)မျိုး၊ လုံချည်ချုပ်နည်း (၂)မျိုး၊ အင်္ကျီ ခါးတို၊ ခါးတင်၊ ရင်စေ့၊ ရင်ဖုံး၊ ကလေးဝတ်
ဘောင်းဘီတို၊ လူကြီးဝတ် ဘောင်းဘီတို၊ ကုတ်အင်္ကျီ၊ ဖိစကပ်၊ ချိတ်စကပ်၊ ပန်းကြယ်သီးထိုးနည်း၊
စီးကွင့်ထိုးနည်း၊ စမော်ကင်ထိုးနည်း စတဲ့ ဘာသာရပ်တွေကို သင်ကြားပေးခဲ့တယ်လို့ သိရပါသည်။
Geen opmerkings nie:
Plaas 'n opmerking